User:Xiloram

From Wikimedia Commons, the free media repository
Jump to navigation Jump to search

Z Fighter [Keyboard Warriors] အဖွဲ့အား ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ငါးလအကြာ (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆုတ် ၁၃ ရက်နေ့) (ခရစ်နှစ် ၉ ရက် ၅ လ ၂၀၂၁ ခုနှစ်) တွင် နိုင်ငံလုံးဆိုင်ရာ ကီးဘုတ်ဖိုက်တာတော်လှန်ရေးအဖွဲ့အဖြစ် စတင်တည်ထောင်ခဲ့သည်။

ဖွဲ့စည်းပြီးလအနည်းကြာသောအခါ မြန်မာပြည်တဝန်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားလိုသူ ပြည်သူများအား အဖွဲ့ဝင်အဖြစ်ဖိတ်ခေါ်လက်ခံခဲ့ပြီးနောက် Z Fighter အဖွဲ့ဝင် 70 ကျော်ဖြင့် တော်လှန်ရေးလမ်းကြောင်းပေါ်ချီတက်နိုင်ခဲ့သည်။

ထိုမှစကာ စဉ်ဆက်မပြတ် အွန်လိုင်းတော်လှန်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်လာခဲ့ပြီး ထောက်ပို့လုပ်ငန်းများကိုတွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်လာကာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲများထံသို့လည်း ငွေအင်အားများစွာထောက်ပို့နိုင်ခဲ့ကြသည်။

Z Fighter စတင်ဖွဲ့စည်းချိန်မှစ၍ သတင်းဖြန့်ဝေရေး၊ ကမ်ပိန်း၊ သပိတ်၊ ထောက်ပို့ စသောအွန်လိုင်းတော်လှန်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပြီး ပြည်သူအားပေးယုံကြည်မှုအပြည့်အဝရရှိထားသောအဖွဲ့အစည်းတစ်ခုလည်းဖြစ်ခဲ့ပါသည်။